ကျိုက်မရောမြို့နယ်အတွင်းရှိရာဘာအထပ်သားစက်ရုံမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသ

ကျိုက်မရော     ဇန်နဝါရီ   ၁ ၂


မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နေ့လည် ၂နာရီက ကဒါကျေးရွာအုပ်စုရှိ ကံကောင်းခြင်းရတနာ ရာဘာအထပ်သားစက်ရုံသို့ကွင်းဆင်း၍ စက်ရုံနှင့်ပတ်ဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကာ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။


စစ်ဆေးဆောင်ရွက်ရာတွင် ရာဘာအထပ်သားစက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများအားတွေ့ဆုံကာ စက်ရုံအတွင်းရှိကုန်ကြမ်းသစ်ခွဲသားများနှင့် ရာဘာအထပ်သားများထားရှိရာ ဂိုဒေါင်အတွင်း မီးသတ်ဆေးဗူးများအဆင်သင့် ထားရှိရန်နှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်မှုကို လူတိုင်းဆောင်ရွက်တတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ငြှိမ်းသတ်ပြသခြင်းနှင့် အရေးပေါ်မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းထိုက်ထံမှသိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)