တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 13,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအား တောင်ဘိန်း(၁)ရွာ စိန်မိုင်ကယ် ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ယမန်နေ့မှစ၍ ကွင်းဆင်းပြုလုပ်ပေးကြောင်း သိရှိရသည်။