သတင်းများ

သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာ​ကျေးရွာအုပ်စု​၊ ကျောက်ကုန်း​ကျေးရွာ၌ “ပန်းခင်းစီမံချက်”ဖြင့် ယမန်နေ့ နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် သာသနရံသီတိုက် ထောင်ဝိဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပန်းခင်း စီမံချက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် သာသနရံသီတိုက် ထောင်ဝိဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် စားသုံးရေးရာသိပညာပေး(Talk Show)ပြုလုပ်
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ရရှိစေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာအသိပညာပေး(Talk Show)ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်း(၈)နာရီအချိန်က ပြည်သူ့စာကြည့် တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (ကိုဗစ်-၁၉)ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယ)အကြိမ်ထိုးနှံပေး
Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယ) အကြိမ်ထိုးနှံရန်ကျန်ရှိနေပြီး ကာလသတ်မှတ်ချက်နှင့်အကျုံးဝင်သော (ဒုတိယ)အကြိမ်ထိုးနှံ ရန်ကျန်ရှိနေသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၃နာရီ၃၀အထိသက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဆရာ/မများက ထိုးနှံပေးကြကြောင်းသိရှိရသည်။
မိတ္ထီလာမြို့နယ် ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတား တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာမဉ္ဇူ တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။