အုတ်တွင်းမြို့နယ်တွင်ခြေတုလက်တုအသေးစားပြင်ဆင်မှုများပြုလုပ်ပေး
Jan 13,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတုလက်တု ပညာရှင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တုအသေးစားပြင်ဆင်မှုများကို စျေးရပ်ကွက်ရှိ ဘုန်းတော် ကြီးကျောင်းဝန်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။