သာပေါင်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အောင်မင်္ဂလာကျောင်းတိုက် တွင်ယမန်နေ့နံနက် ၁၁ နာရီအချိန်မှ စတင်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြ(ဆင့်ပွား) တစ်ပတ်တာသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြ(ဆင့်ပွား)တစ်ပတ်တာ သင်တန်းအဖွင့် သီလပေးဩဝါဒတရားကို တောင်ကလေးကျေးရွာ၊ အောင်မင်္ဂလာ ကျောင်းတိုက်၊ကျောင်းထိုင်ဆရာတော် ဦးရေဝတ (သာသနဓဇဓမ္မာစရိယ(MA) မှ ဟောပြောခဲ့ပြီး သာပေါင်းမြို့နယ် ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်းအဖွဲ့ ကိုယ်စား ဆရာဦးမြင့်အောင်မှ ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၂၀ ရက်နေ့ထိ နေ့လယ် ၁၁ နာရီမှ ညနေ့ ၃ နာရီ ၃၀ မိနစ်အထိ ဗုဒ္ဓဝင်၊ ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ မင်္ဂလာ၊ ဗုဒ္ဓဘာသာ အခြေခံဘာသာရပ်များအား သင်တန်းသား၊ သင်တန်းသူ(၂၈)ဦးတို့ကို သင်တန်း နည်းပြဆရာ၊ ဆရာမ(၁၀) ဦးတို့က သင်ကြားပို့ချပေးမည့်အကြောင်း၊ သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့် သက်ဆိုင်ရာဘာသာရပ်များ၊ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်ကလေးကျေးရွာ ဗုဒ္ဓဘာသာယဉ်ကျေး မှုနည်းပြ(ဆင့်ပွား)တစ်ပတ်တာ သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး အခမ်းနားသို့ ကြွရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်သံပြိုင်ရွတ်ဆိုခဲ့ကြသည်။
မျိုးဇော်သိန်း (သာပေါင်း၊ ပြန်/ဆက်)