အုတ်တွင်းမြို့နယ်တွင်ခြေတုလက်တုအသေးစားပြင်ဆင်မှုများပြုလုပ်ပေး

အုတ်တွင်း   ဇန်နဝါရီ     ၁၃

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတုလက်တု ပညာရှင်များနှင့်  တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တုအသေးစားပြင်ဆင်မှုများကို စျေးရပ်ကွက်ရှိ ဘုန်းတော် ကြီးကျောင်းဝန်း၌  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ကွင်းဆင်းအရာရှိ ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးခင်မောင်ချိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်သုံးဦးတို့သည် ခြေတုလက်တုတပ်ဆင်ရန် လိုအပ်သူ ပြည်သူ၄၀ဦးကို လိုအပ်သည့်အသေးစားပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခြေတုလက်တုတပ်ဆင်ရန် လာရောက်ကြသည့်ပြည်သူများကို ခြေတုလက်တု အသေးစားပြင်ဆင်နေမှာများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီ နှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ပါကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)