ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင်မှုပေးခြင်းကို ရပ်ကွက်များ အတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁ ရပ်ကွက်များသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်လိုသော ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈)ခု၊ အိမ်ထောင်စုစာရင်း (၈၃) ခုကို ပြည်သူများ လက်၀ယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို (၉၄၊ ၈၃၊ ၈၄၊ ၉၁၊ ၈၉) ကနောင်အိမ်ယာ၊ ညောင်ပင်ကျေးရွာ၊ ကျီစုကျေးရွာများ၌လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပန်းခင်းစီမံချက်ကာလမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈) လကြာ နေ့စဉ်ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လ.၀.က ဦးစီးအရာရှိ ဦးအေးကျော်ထံမှ သိရသည်။
လဲ့လဲ့