ပန်းတနော် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCT အစီအစဉ်အရ Digital Literacy မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ် များကို နိုင်ငံတော်အစိုးရမှ ထောကပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီမိုးက မိမိတို့ အမျိုးသမီးရေးရာအဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များ အကြောင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား အကျယ်တဝင့် ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာထွေးက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCT အစီအစဉ်အရ Digital Literacy ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာထွေးနှင့် တာဝန်ရှိသူများ၊ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီမိုးနှင့် တာဝန်ရှိသူများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် အကျုံးဝင်သော ကိုယ်ဝန်ဆောင် စာရင်းအသစ်များအား ပူးတွဲပါအကျိုးခံစားသူ စာရင်းသွင်းပုံစံအတိုင်း ကောက်ယူရန်၊ အကျိုးခံစားခွင့်ရှိသူစာရင်းများအား Update ပြုလုပ်ရမည့် နည်းလမ်းများ၊ ထောက်ပံ့ငွေထုတ်ယူနိုင်သည့် နည်းလမ်း (၃)မျိုးဖြစ်သည့် Wallet၊ Cash Code နှင့် Cash in Envelope စသည့်တို့ဖြင့် ငွေထုတ်ယူနိုင်ပြီး အချက်အလက်များကို တိကျသေချာစွာ ဖြည့်စွက်နည်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)