ဆိပ်ဖြူမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ဆိပ်ဖြူ     ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ သဘာ၀ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် စခန်း၌ လေ့ကျင့်ဆောင်ရွက်သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်လင်းကကြီးကြပ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့မစခန်းမှူး ဦးဖြိုးဝေအောင်နှင့် ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ သဘာ၀ဘေးကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များမှ အရေးပေါ်တုံ့ပြန် ကယ်ဆယ် ဆောင်ရွက်နိုင်ရန် အဆောက်အဦးအတွင်း ပိတ်မိလူနာများရှာဖွေ ကယ်ဆယ်ခြင်းလုပ်ငန်း၊ အထပ်အမြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေး စက်ကိရိယာများအား စနစ်တကျတပ်ခြင်း အသုံးပြုခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဇွဲ(အညာမြေ)