မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ စိန်ရတုဝိဇာတမွေးနေ့တွင် ထပ်လုံစေတီတော်အား ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်

မိုင်းယောင်း  ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ သက်တော် ၇၅ နှစ် စိန်ရတုဝိဇာတမွေးနေ့မင်္ဂလာဖြစ်သော ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် ထပ်လုံစေတီတော်၌ ဆီမီး ၁၀၀၀ ပူဇော်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလှူရှင်များက ကြွရောက်လာကြသော သံဃာတော်များအား သင်္ကန်း၊ ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော်က ရေစက်ချတရား ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၏ မွေးနေ့မင်္ဂလာ အထိမ်းအမှတ် လှူဒါန်းမှုအဖြစ် ဆီမီးတစ်ထောင်ကို ထပ်လုံစေတီတော်မြတ်ကြီးအား ထွန်းညှိပူ​ဇော် ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း