ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ    ဇန်နဝါရီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင်   အသက်(၁၈)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား Covid Shield ကာကွယ်ဆေးနှင့် ဒုတိယအကြိမ် ထိုးနှံသူများအား Sinovic ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၂၈၀၀)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၇၅၉၅)ဦးရှိပြီ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၆၂၅)ဦး  ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း