လိပ်သို ဇန်နဝါရီ ၁၇
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့နယ်မြေခံရဲစခန်းမှူး ရဲအုပ်ရဲလင်းနှင့် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးအတွက် အသိပညာပေးမှုများကို တိုးမြှင့်ဆောင်ရွက်ရမည့် အကြောင်းအရာများ အစရှိသည့် အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)