မင်္ဂလာဒုံ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဒု-လဝကမှူး ဒေါ်အေးအေးစိုးဦး ဆောင်သည့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ဒုစံပြရပ်ကွက်ရှိပြည်သူများအား ရပ်ကွက်ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်ကပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဥပဒေနှင့်ညီညွတ်ပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများအားရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်သူအောင်နှင့်ဒု-လဝကမှူးဒေါ်အေးအေးစိုး ဦးဆောင်သည့် ဝန်ထမ်းများက မင်္ဂလာဒုံမြို့နယ်၊ ဒုစံပြရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများအား
အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၇) ဦး၊အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ(၁)ဦး၊ လဲလှယ်(၂၇)ဦး၊ စုစုပေါင်း(၃၅)ဦးတို့ကို လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေး လျက်ရှိရာ မိမိတို့မွေးဖွားဇာတိမြေ အမြဲနေထိုင်လျက် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သန္တာ(ပြန်/ဆက်)