မြို့သစ်မြို့၊ ကွက်သစ်ရပ်၊ ရွှေတမာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာခိုင်နှုန်းပြည့် ပြီးစီး၍ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ

မြို့သစ်  ဇန်နဝါရီ   ၁၇

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပစေရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့တွင်း၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု) လွယ်ကူအဆင်ပြေစေရေး အတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်အတွင်းရှိ ရွှေတမာလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေး အဖွဲ့)၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့မြို့သာယာလှပစေရန်နှင့် မြို့အင်္ဂါရပ်နှင့် ပြည့်စုံစေရန်အတွက် မြို့စည်ပင်သာယာရေး အဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ကွက်သစ်ရပ်၊ရွှေတမာလမ်းကွန်က ရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ(၁၃ဒသမ၂၀)ကျပ်သန်းဖြင့် ရွှေတမာလမ်း ပေအရှည် (၆၀၀)ပေ၊ အကျယ် (၁၂) ပေ၊ အမြင့်()လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ ပြည့်မီရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ခံ အင်ဂျင်နီယာ ဦးဗိုလ်ဌေးက အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့်ပြီးစီးကာ ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေတော့မှာဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)