ကမမောင်း ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမား အခွင့်အရေးဥပဒေ၊ ကလေးသူငယ်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်ဥပဒေပြဌာန်းချက် စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)