မချမ်းဘော့ာ ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို မချမ်းဘော့မြို့ဂူဘားရိပ်သာတွင် ယမနေ့နံနက် (၁၀)နာရီ၌ ကျင်းပခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့နေ ဦးဘောမ်လန်းမိသားစုအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် အောက်စီဂျင်(၄၀)လီတာ(၇)ဘူး၊ Flow meter (၇)ခု၊ နှာခေါင်းစည်း (Mask)(၁၅၀၀)ခု၊ Eglove(၁)ဖာ၊ PPE၀တ်စုံ(၅၀)၊ ပိုးသတ်ဆေးဘူး(၃၀)တို့အား ပေးအပ်လှူဒါန်းရာ မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင် နှင့်အဖွဲ့၀င် ဗိုလ်မှူးဉာဏ်လင်းထွန်း၊ အဖွဲ့ဝင်ဦးကြည်မိုးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)