ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ကျင်းပ

ဇေယျာသီရိ  ဇန်နဝါရီ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကျောင်းသား/သူကလေးငယ်များ မိမိတို့ဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် မိမိနှစ်သက်သည့် ပန်းချီရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးမြင့်လာစေရန်ရည်ရွယ်၍ ယခုလိုအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ သင်တန်းသို့ဖိတ်ကြားထားသည့် ပုဗ္ဗသီရိမြို့နယ်၊ စနိုးမူကြိုမှ ဆရာမဒေါ်နှင်းလဲ့စိုးက ကျောင်းသား/ သူကလေးငယ်များအား ပန်းချီပညာသင်ယူမှုနှင့်ပတ်သက်၍ အခြေခံအချက်များအား ရှင်းလင်းပြောကြားခဲ့သည်။            

သင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ ကလေးငယ် (၁၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)