ကျောက်ဆည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ကောင်းမွန်စေပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ကျေးလက်လမ်းများပေါ်၌ လိုအပ်နေရာများ တွင် တံတားများဆောက်လုပ်ပေးလျက်ရှိရာ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ်တွင် ငါးမြွေကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာဆက်လမ်းပေါ်တွင် တံတားတစ်စင်းဆောက်လုပ်ပေးသဖြင့် ဒေသထွက်ကုန်များ ရာသီမရွေး စရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတံတားအား သတ်မှတ်အချိန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီစေရေး မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်း အကုန် အကျခံကာ အရှည် (၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိ Box Culvert ဆောက်လုပ်ပေးခြင်းဖြစ်ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီ ဖြစ်ကြောင်း သိရသည်။
တံတားဆောက်လုပ်ပေးခြင်းကြောင့် ငါးမြွေကုန်းကျေးရွာ၊ ထုံးဖိုကျေးရွာနှင့် မြင်းချီနိုင်ကျေးရွာ များမှ အိမ်ထောင်စု(၆၁၅)စု၊လူဦးရေ(၂၇၉၃)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်း များတွင် များစွာအဆင်ပြေလျက်ရှိပြီး ကျေးလက်ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ သယ်ယူရာတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်း ရာသီမရွေး သယ်ယူနိုင်တော့မည်ကြောင်း သိရှိရ သည်။
သက်မောင်(ကျောက်ဆည်)