(၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ တိုင်းဒေသကြီးကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

စစ်ကိုင်း   ဇန်နဝါရီ ၁၆

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်(၃)စီး ပြသနိုင်ရေး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်သည် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၁၁)နာရီက အလှပြယာဉ်များ ပြုပြင်တည်ဆောက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ အလှပြယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီ အသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြကြရာ လုပ်ငန်းများ အောင်မြင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အကအလှများ ဖြင့်ပြသနိုင်ရန် စစ်ကိုင်းတက္ကသိုလ်သို့လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အထင်ကရ ယဉ်ကျေးမှု အနုပညာများ၊ အထင်ကရရုပ်ထုများ ပုံစံတူပြသနိုင်ရန် လုပ်ငန်းများအပ်နှံထားသည့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့တို့ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သက်မှတ်ချိန်ပြီးစီးနိုင်ရေး ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်