ညောင်ဦးမြို့နယ်တွင် မြေအောက်ရေအသုံးပြု ဆေးရွက်ကြီးစိုက်ပျိုးမှု သုံးပုံတစ်ပုံထိ လျော့ကျလာ

ညောင်ဦး  ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆေးရွက်ကြီးခေါ်ဗမာဆေးရွက်ကြီး စိုက်ပျိုးမှု သုံးပုံတစ်ပုံထိကျဆင်းလာပြီး အခြားသီးနှံစိုက်ပျိုးမှုများပြားလာကြောင်း သစ်ထောင့်မြောက် ကျေးရွာ တောင်သူ ဦးအေးထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင်နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးစိုက်ပျိုးချိန်တွင် ညောင်ဦး-မြင်းခြံကားလမ်း ဘေးတဘက်တချက်စီတွင် ဆေးရွက်ကြီးခေါ်ဗမာဆေးရွက်ကြီးအများ အပြားစိုက်ပျိုးခဲ့ကြရာမှ ယခုအခါ ကြက်သွန်၊ ပြောင်းဖူး၊ ကွမ်း၊ ကုလားပဲနှင့်ငှက်ပျော်သီး၊ စပျစ်သီး၊ နေကြာ၊ စိန်တစ်လုံး သရက်၊ ငရုပ်စသည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးမှုများလာကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူ ဦးမောင်စိုးကပြောကြား၍ သိရသည်။

ကျွန်တော်တို့ကျေးရွာတွေက တစ်မိုးကောင်းတစ်ချောင်းစီးမျှော်လင့်ချက်နဲ့ နှစ်စဉ် ရာသီချိန် အလိုက်သီးနှံစိုက်ပျိုးကြတာ၊ ဆေးရွက်ကြီးကို မိရိုးဖလာလုပ်ငန်းလို စိုက်ပျိုးခဲ့ရာ ကနေ ခုခါမှာ တော့ မြေအောက်ရေတူးဖော်ပြီး ဈေးကွက်နဲ့ကိုက်ညီတဲ့ အခြားသီးနှံတွေ စိုက်ပျိုးလာခဲ့တာ ယခင်ဆေးရွက်ကြီးစိုက်ပျိုးမှုရဲ့ သုံးပုံတစ်ပုံသာ စိုက်ပျိုးမှုရှိတော့ကြောင်း သိရသည်။ ဗမာ ဆေးရွက်ကြီးကို ဝါဆိုလ၊ဝါခေါင်လတို့တွင်ပျိုးထောင်ကြကြောင်း၊ပျိုး ထောင်ချိန်မှအပင်ပေါက် ချိန်အထိ နှစ်လခန့်ကြာမြင့်ကာ တော်သလင်းလ၊ သီတင်းကျွတ် လတို့တွင်အပင်ခွဲစိုက်ပျိုးကြ ကြောင်းဦးအေးထွန်းက ရှင်းပြသည်။ စိုက်ပျိုးချိန်အတန်း လိုက်စိုက်ပျိုးကြပြီး မြေဆွ၊ ပေါင်းသင်၊ ရေသွင်းမြေတောင်မြောက်ပေးရပြီး အပင်ထွား လာချိန် အရွက်များအသားတက် လာစေရန် ခေါင်ညွတ်ကိုချိုးနှိမ်ပေးရသည်။ အောက်ဆုံး အရွက်မှစကာ နှစ်ရက်သို့မဟုတ် သုံးရက်ခြားအရွက်များစတင်ခူးရပြီး ခူးပြီးသည့်အရွက် များအစိုတစ်ပိသာ ၄၅၀ကျပ်၊ အစိုမ ရောင်းလိုလျှင် အခြောက်လှန်းထားကြကြောင်း အခြောက်လှန်းရန်အတွက် ကွင်းပြင်ကျယ် လိုအပ်ကာ ကွင်းပြင်ကျယ်တွင်းခူးထားသည့် ဆေးရွက်ကြီးအရွက်များတစ်ရွက်ခြင်းဖြန့်ခင်း အခြောက်ခံထားပေးရသည်။အခြောက် လှန်းထားသည့်ဆေးရွက်ကြီးများ ပုတ်များ၊ ပိုများဖြင့် အရွက်များ အထပ်လိုက် လှောင်ထားပြီး ဈေးကွက်ရှိချိန်ပြန်ထုတ်ရောင်းချကြကြောင်း ယခင် နှစ်များက ဆေးရွက်ကြီး အခြောက်ထုတ်ရောင်းချိန် ပိသာချိန်တစ်ရာလျှင် လေးသိန်းကျပ်ထိ ရောင်းချရခြင်းများကြောင့် စိုက်ပျိုတောင်သူများ တွက်ခြေကိုက်သော်လည်း ယခုနှစ်ပေါက်ဈေး ပိသာချိန် တစ်ရာလျှင်(ဆေးရွက်ကြီအခြောက်) နှစ်သိန်းခွဲကျပ်သာရောင်းချရခြင်းကြောင့် စိုက်ပျိုးထားပြီး လှောင်ထားသူများ ကုန်ကျစရိတ်ကာမီရုံသာရှိကြောင်း ဆေးရွက်ကြီးစိုက်ပျိုး တောင်သူများကရှင်းပြ၍သိရကာ ဆေးရွက်ကြီးခေါ်ဗမာဆေးရွက်ကြီး စိုက်ပျိုးမှု သုံးပုံတစ်ပုံ သာရှိတော့ပြီး အစားထိုးသီးနှံများ အမြောက်အများစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD