ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ငပုတော    ဇန်နဝါရီ     ၁၇

ဧရာဝတီတိုင်းတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၈ နာရီက ‌ငပုတောမြို့နယ်  ဖျန်ရေကျော်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများ   စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများစသည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒေသခံကျေးလက်နေပြည်သူများနှင့် အတူ ပူးပေါင်း၍ ကျေးရွာဝန်းကျင်နှင့် ကျေးရွာအနီး ငပုတော-ပုသိမ်  ကားလမ်း၊ ‌လမ်းဘေး  ( ဝဲ၊ ယာ) ရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း  လုပ်ငန်းများကို ကျေးလက်နေပြည်သူများနှင့်အတူ စုစုပေါင်းအင်အား  ၉၃ ဦးဖြင့် ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

နုနုအေး (ပြန်/ဆက်)