တနင်္သာရီ ဇန်နဝါရီလ ၁၇
ကျမက မဖြိုးအိလှိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာ အုပ်စု-လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူနေပါတယ်။ကျမနဲ့အတူ ခင်ပွန်းနဲ့ သား လေးတစ်ဦးရယ် မိသားစုဝင်(၃)ဦးရှိပါတယ်။ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ အစက ကိုဗစ်-၁၉ ကာကွယ်ဆေးကို သိပ်မယုံကြည်ခဲ့ပါဘူး။ အရပ်ထဲမှာကအမျိုးမျိုးပြောနေကြတော့ ထိုးချင်စိတ် လဲမရှိခဲ့ဘူး။ စိတ်လဲမဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျမကကိုယ်ဝန်နဲ့ဆိုတော့ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ့ ဥယျာဉ်ထဲမှာ အနေများခဲ့ပါတယ်။
နောက်တော့ ကျမတို့ရွာမှာရော အခြားရွာတွေမြို့တွေမှာပါ ရောဂါပိုးကူးစက်မှုနှုန်းတွေ မြင့်တက်နေကြောင်း၊ သေဆုံးမှုတွေရှိလာပြီး ချက်ခြင်းမီးသင်္ဂြိုလ်မှုတွေ ပြုလုပ်နေကြောင်း မည်သူမျှလိုက်ပါပို့ဆောင်၍ မရကြောင်းတွေကြားသိရလာတော့မှ စိတ်ပူစိတ်တွေစိုးရိမ်စိတ်တွေ ဖြစ်လာမိတယ်။ကိုဗစ်ကာကွယ်ဆေးထိုးထားမှ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်မယ်။ မိမိကလေးနဲ မိသားစု အတွက်လဲ စိတ်ချရမယ်ဆိုတာတွေ သိရှိလာပါတယ်။ ဒါကြောင့်မို့ အခုကာကွယ်ဆေးလာထိုးတာပါ။ အခုမှ (ပထမ) အကြိမ်ပါ။ ကျန်းမာရေးဆရာမတွေက ကျမတို့ကျေးရွာဘုန်းကြီးကျောင်းထဲအထိ လာထိုးပေးတာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးတွေကကျမတို့လို နို့တိုက်ကလေးမိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်ကြောင်းအကြောင်း ကြားလာတော့ အရမ်းဝမ်းသာမိပါတယ်။ ဒါကြောင့်လဲ ဦးဦးဖျားဖျားပဲ ကာကွယ်ဆေးကို သွားထိုးနှံပြီးပါပြီ။ အခုလို ကာကွယ်ဆေးထိုးလိုက်ပြီးတာနဲ့ ကျမအတွက် အကာအကွယ်တစ်ခုရသွားသလိုပိုပြီး လုံခြုံစိတ်ချသွားသလို ခံစားနေရပါတယ်ရှင်။ ကျမခင်ပွန်းကလဲ ကာကွယ်ဆေးထိုးထားပြီးပြီဆိုတော့ ကျမရဲ့မိသားစုအတွက် စိတ်ချရပါပြီ။ ကလေးအတွက်လဲစိတ်ချသွားရပါပြီ။ ဆရာမတွေညွှန်ကြားတဲ့အတိုင်း နောက်ထပ်ရက်သတ္တပတ်(၄)ပတ်ကြာရင် (ဒုတိယ)အကြိမ်လာထိုးမှာပါ။
ဒါကြောင့်မို့ ဒီကာကွယ်ဆေးကို စိတ်ချယုံကြည်စွာနဲ့ (၂)ကြိမ်ပြည့်အောင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ကိုဗစ်-၁၉ရောဂါဘေးမှ ကင်းဝေးကြပါစေ။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့်။
ထိန်ဝင်း(ပြန်/ဆက်)