ကော့ကရိတ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီ ၁၅ ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၃)လလျှင် တစ်ကြိမ် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲတွင် အထူးဆုရရှိသည့် ကော့ကရိတ်ကိုယ်စားပြု ကျောင်းသားတစ်ဦးအား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအနက် ပထမဆုကို တောင်ကြီးခရိုင်၊ ဒုတိယဆုကို သထုံခရိုင်၊ တတိယဆုကို ပုသိမ်ခရိုင် ၊ အထူးဆု (၅)ဆုကို ကော့ကရိတ်ခရိုင်၊ ရမည်းသင်ခရိုင်၊ ပြည်ခရိုင်၊ မြောက်ဦး ခရိုင်နှင့် မြိတ်ခရိုင်တို့မှ အသီးသီးရရှိခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးကို ငွေကျပ် (တစ်)သိန်း၊ ဒုတိယဆုကို ငွေကျပ် ရှစ်သောင်း၊ တတိယဆုကို ငွေကျပ် ငါးသောင်း၊ အထူးဆု ၅ ) ဆုကို ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ငွေကျပ် (နှစ်) သောင်းနှုန်းဖြင့် ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)