လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် လိပ်သို

လိပ်သို   ဇန်နဝါရီ   ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အိုမီခရွန်နှင့်ပတ်သက်၍  ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍   အိုမီခရွန် အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက (Talk Show) ဆွေးနွေးပွဲ  ကျင်းပရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။  ထို့နောက်  လိပ်သိုတိုက်နယ်ဆေးရုံ သားဖွားဆရာမ  နော်ထီနေအေးက အိုမီခရွန်အပါအဝင်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း  ရောဂါပိုး များကို  သတိပြုကာ  မိမိကစ၍ကာကွယ်ပါ၊ အိုမီခရွန်ဗီဇမျိုးကွဲဆိုတာဘာလဲ၊ မိမိကိုယ်တိုင်နှင့် အခြားသူများကို  အိုမီခရွန်မှ  မည်သို့ ကာကွယ်နိုင်မည်နည်း၊ အိုမီခရွန်၏ထူးခြားသောအချက်များ   အစရှိသည့်  အကြောင်းအရာများကို   Online မှတစ်ဆင့်  အသိပညာပေးဆွေးနွေးမှုများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့(ပြန်/ဆက်)