ရန်ကုန် ဇန်နဝါရီ ၁၆
ဗုဒ္ဓမြတ်စွာ သာသနာတော်၏အရင်း မူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် စေတိယဂ်ဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ လျှောက်မေးပွဲကိုကျင်းပခြင်းနှင့် စာအောင် ဆုနှင်းသဘင်ကျင်းပ ပူဇော်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၃)ကြိမ်မြောက် စေတိယဂ်ဏပရိပတ္တိဓမ္မာနုဂ္ဂဟစာလျှာက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော်(၅)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ရွှေတိဂုံဘုရား ရင်ပြင်တော်ရာဟုတောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားကို “နမောတသ” သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ ပဓါန နာယကဆရာတော်ကြီးထံမှ အခမ်းအနား တက်ရောက်ကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် စေတိယဂ်ဏစာအောင်ဆုနှင်းသဘင် ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးလှိုင်က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမဂ်လာလျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး သီးခြားစာချတန်းအောင် (၃)ပါးနှင့် သီးခြားစာသင်တန်းအောင်(၂)ပါး စုစုပေါင်း(၅)ပါးတို့အား ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်များကို ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များက ဆက်ကပ်ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့များနှင့် အလှူရှင်များက သြဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ၊ စေတိယဂ်ဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တ နာရဒါဘိဝံသ၊ လှရတနာဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)