သတင်းများ

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး အကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဗဟန်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်‌ဆေးဆောင်ရွက်
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့ နံနက်၉ နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ​ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊​ကျောက်ဆည် ဓမ္မာရုံ​ရှေ့၌ ယာဉ်စည်းကမ်းလိုက်နာ​ဆောင်ရွက်မှု ရှိ/မရှိ ယာဉ်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။
ဒဂုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူအဖွဲ့များနှင့် စာဖတ်ဝိုင်းကျင်းပ
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာစျေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှု
Jan 18,2022
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘတ်ဂျက် ရန် ပုံငွေ (၂၈၁၉၁၈၀၀ )ကျပ်ဖြင့် ဆောင် ရွက်လျက်ရှိသော ချောင်းနက်ကျေးရွာ ဈေး (အလျား ၁၄၅ပေ၊အနံ ၁၂၅ပေ၊အမြင့် ၁ ပေ ခွဲ )အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၅ )ရက် နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများလာရောက် ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော် ဘုရားဓမ္မာရုံတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လည် ၂နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ ဒေါက်တာဌေးလှိုင်(ရူပဗေဒ)၏ “နားနားနေနေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ဈေးနှင့် ရွှေဘုံသာဘုရား လမ်းဆုံကားဂိတ်နှင့် ယာယီပျံကျဈေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ က အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းဘူး၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့အမှတ်( ၂ )ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။