သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

သရက်  ဇန်နဝါရီ  ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများလာရောက် ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့ နံနက် နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော် ဘုရားဓမ္မာရုံတွင်  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူများအား နေ့စဉ် နံနက် နာရီမှ ၁၂ နာရီနှင့် နေ့လည် နာရီမှ ညနေ နာရီအထိ  သတ်မှတ်စုရပ်များတွင် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့တွင် လာရောက်ထိုးနှံသူ(၁၃၅)ဦးအား ဆေးထိုးနှံပေး ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)