မင်းဘူး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့အမှတ်( ၂ )ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းဘူးခရိုင်ရုံးမှ ဒု/ခရိုင်မှူး ဦးမြင့်နိုင်က တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများ အား နိုင်ငံသားကတ်သည် နိုင်ငံသားတိုင်း မရှိမဖြစ်ကိုင်ဆောင်ထားရမည့် ကတ်ဖြစ်ပြီး အသက်အရွယ်အလိုက် အသုံးဝင်ပုံနှင့် ကိုင်ဆောင်လဲလှယ်ရခြင်းကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ဒု/ခရိုင်မှူး ဦးမြင့်နိုင်၊ မြို့နယ်ဦးစီးမှူး ဇော်မိုးသက်၊ လ.ဝ.က မှူး ဦးဝင်းကြည်ပါ အဖွဲ့ဝင်များမှ အသက် ၁၀ နှစ်ပြည့် ကျား ၃၄ ဦး၊ မ ၃၆ ဦး၊ အသက် ၁၈ နှစ်ပြည့် ကျား ၁၆ ဦး၊ မ ၃၁ ဦး တို့အပြင် ကတ်လဲလှယ်သူ ၁ ဦးနှင့် စုစုပေါင်း ၁၁၈ ဦးပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး နောက်ရက်များတွင်လည်း သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း မြို့နယ်လ.ဝ.က ဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)