တောင်တွင်းကြီး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘတ်ဂျက် ရန် ပုံငွေ (၂၈၁၉၁၈၀၀ )ကျပ်ဖြင့် ဆောင် ရွက်လျက်ရှိသော ချောင်းနက်ကျေးရွာ ဈေး (အလျား ၁၄၅ပေ၊အနံ ၁၂၅ပေ၊အမြင့် ၁ ပေ ခွဲ )အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၅ )ရက် နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ခွင်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးမြလင်း၊ EE ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိ သူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီ ပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းနက်ကျေးရွာဈေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ယခင်က မြေကြီးပေါ်တွင် ဈေးများ ရောင်းချခဲ့ရာမှ ယခုအခါ ကွန်ကရစ်ခင်းအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်ပေးသဖြင့် ကွန်ကရစ် အခင်းပေါ်တွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရတော့မည်ဖြစ်ကြောင်းနှင့် မိုးတွင်းကာလတွင်လည်း စိတ်ချမ်းမြေ့စွာဖြင့် ဈေးရောင်းဈေးဝယ်များ ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်သဖြင့် ဝမ်းသာပီတိ ဖြစ်ရပါ ကြောင်းဈေးသည်တစ်ဦး၏ ပြောကြားချက်အရသိရသည်။
မြို့နယ် (ပြန်/ဆက်)