ဗဟန်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်‌ဆေးဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့ နံနက်၉ နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ​ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊​ကျောက်ဆည် ဓမ္မာရုံ​ရှေ့၌ ယာဉ်စည်းကမ်းလိုက်နာ​ဆောင်ရွက်မှု ရှိ/မရှိ ယာဉ်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ ​ရွှေဂုံတိုင်လမ်းမ ကြီးတွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ခမရ(၄၃၅)မှ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲဝင်များနှင့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက ပူး‌ပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာများတွင်လည်း၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်း‌‌စေရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

​​​အောင်မြင့်(ပြန်/ဆက်)