သတင်းများ

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က ထန်းတပင်မြို့ စစ်တောင်း တံတားထိပ်အဝိုင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်၍ အိမ်အပြင်သို့ ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk   Show ပြုလုပ်
Jan 18,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ၊ လူငယ် လူရွယ်များ ၊ ကျောင်းသူကျောင်းသားများမှ အသိပညာဗဟုသုတရရှိစေရန်နှင့်  မူးယစ်ဆေးဝါး အန္တရာယ် သိရှိစေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community   Centre ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk   Show ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ လူငယ်များအသင်း (Youth Club) နှင့် စာဖတ်ဝိုင်း ကျင်းပ
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမ ှကျောင်းသား လူငယ်များ အသိပညာဗဟုသုတ ပြည့်စုံစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရန်၊တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှု ရရှိစေရန်နှင့် အတွေးအမြင်များတိုးတက်မြင်မားစေရန်ရည်ရွယ်၍လူငယ်များအသင်း Youth Club ဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေလယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးစာစောင်များပြသဆောင်ရွက်ထားရှိ
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်ခဲ့သည်။
တောင်ငူခရိုင်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်း ပြည့်ပြီးမြောက်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 18,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ သုံးလလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က စတင်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
သိန္နီမြို့၌ လေဖြတ်လေငန်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကျင်းပပြုလုပ်
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လေဖြတ်လေငန်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။