လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ် -၁၉ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉း၀၀)နာရီ အချိန်တွင်ရပ်ကွက်(၁၆)ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး (Covidshield) ထိုးနှံသူစုစုပေါင်း(၃၃၀)ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac+Sinopharm) ထိုးနှံသူစုစုပေါင်း(၅၀၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။