ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်      ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လည် ၂နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ ဒေါက်တာဌေးလှိုင်(ရူပဗေဒ)၏ “နားနားနေနေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက “နားနားနေနေ”၊ ဦးသက်နောင်ဦး(ဓာတ်ပုံ ကျွမ်းကျင်-၂)က“တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်ကျေ ပွန်မှု”၊ ဒေါ်ချိုမြင့်ကြည် (စာကြည့်တိုက် လက်ထောက်-၃)က “ငြိမ်းချမ်းရေးသည် အကောင်းဆုံးဓာတ်စာဖြစ်သည်”၊ ဦးကိုကိုနိုင် (ရုပ်သံ ကျွမ်းကျင်-၃)က “အမှားသိ အမှန်ပြင်၊ လမ်းမှန်လျှောက်တော့ ခရီးတွင်”နှင့် ဦးဘုန်းကျော် (အငယ်တန်းစာရေး)က “ရှက်တတ်၊ ကြောက်တတ်၊ ပြုပြင်လွယ်တတ်စေဖို့”စသည့် စာရေးဆရာ ဒေါက်တာဌေးလှိုင်(ရူပဗေဒ)၏ “နားနား နေနေနှင့် အခြားဆောင်းပါးများ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာ နားလည်မှု များအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန် အလှန် ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)