ဒဂုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူအဖွဲ့များနှင့် စာဖတ်ဝိုင်းကျင်းပ

ဒဂုံ ဇန်နဝါရီ ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဒဂုံမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး)၊ ဒေါ်မိုးမိုးခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေ ရန်နှင့် စာပေကိုဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အတွေးအခေါ် ကောင်းများ ရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

စာပေချစ်မြတ်နိုးသူများနှင် စာရေးဆရာနိုက်ရေးသားသည့် “သမီးနှင့် သားတို့ပေးစာစာအုပ်ကို ဖတ်ရှုပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)