ကမမောင်း ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး အကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်အေးက (TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး ကမမောင်းမြို့အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမာမာကြည်က လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေ၊ ကူညီဆောင်ရွက်ပေးမှု အခြေအနေ၊ လူကုန်ကူးခံရသော အမျိုးသမီးများ၏ လူမှုဘ၀မြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် လူကုန်ကူးမှုမခံရစေရေး အတွက် ကာကွယ်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်