သတင်းများ

ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညောင်ရွေမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်းဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော် ကြေညာခြင်းကို‌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ “မင်္ဂလာပါခင်ဗျာ နှင့် အတွေး ရသစာစုများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာအုပ်၊စာစောင်များအခမဲ့ငှားရမ်းပေး
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ၁၉ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာအုပ်စာစောင်များကိုအခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှဦးစီး၍ "ကျား၊ မရေးရာ (Gender) နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်များမှ စာရေးဆရာများ တွေ့ဆုံပွဲပြုလုပ်
Jan 19,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူလူထုအခြေပြု ဗဟိုဌာနတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ရာ
မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များပေးအပ်လှူဒါန်း
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်၊ မက်မန်းလမ်းနေမောင်စိုင်းကျွမ်မှိုင်း(ခေတ္တUK)နှင့် မနန်းဟွမ်မွဏ်းဦး(ရန်ကုန်)မောင်နှမတစ်စုတို့မှ ဇန်နဝါရီလ၁၈ရက်နေ့ မွန်းလွဲပိုင်းက သုတ/ရသစာအုပ်ပေါင်း လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် တိုးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် တိုးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။