မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်များမှ စာရေးဆရာများ တွေ့ဆုံပွဲပြုလုပ်

အောင်မြေသာစံ ဇန်နဝါရီ ၁၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူလူထုအခြေပြု ဗဟိုဌာနတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးဌေးအောင်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာ အသင်းနာယကများ၊ အသင်းဥက္ကဋ္ဌများ၊ စာရေးဆရာများ နှင့် စာပေဝါသနာရှင်များ တက်ရောက်​ကြသည်။ အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက အဖွင့်အမှာ စကားပြောကြားပြီး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် စာရေးဆရာ အသင်းနာယကများ၊ အသင်းဥက္ကဋ္ဌများ၊ စာရေးဆရာများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပန်းခင်းစီမံချက် အကြောင်းအရာများ၊ စာပေရေးရာများဆွေး နွေးကြသည်။ ထို့နောက် စာရေးဆရာများက ၎င်းတို့ရေးသားသော စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာ ဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အခမ်းအနားတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက တက်ရောက်သောတာဝန်ရှိသူများနှင့် စာရေးဆရာများကို "လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန"သတင်းလွှာနှင့်ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင် များကို ဝေငှပေးခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မော်ထွန်း