မိုင်းပျဉ်း ဇန်နဝါရီ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ၁၉ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာအုပ်စာစောင်များကိုအခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်ငှားရမ်းဖတ်ရှုသည့် စာဖတ်ပရိတ်သတ်များ လွယ်ကူအဆင်ပြေစေရန်နှာခေါင်းစည်း (Mask) ထားရှိပေးခြင်း၊ လက်သန့်ဆေးရည်ဘူးထားရှိပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော Online ဝန်ဆောင်မှုစနစ်ဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)