မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များပေးအပ်လှူဒါန်း

မိုင်းပျဉ်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်၊ မက်မန်းလမ်းနေမောင်စိုင်းကျွမ်မှိုင်း(ခေတ္တUK)နှင့် မနန်းဟွမ်မွဏ်းဦး(ရန်ကုန်)မောင်နှမတစ်စုတို့မှ ဇန်နဝါရီလ၁၈ရက်နေ့ မွန်းလွဲပိုင်းက သုတ/ရသစာအုပ်ပေါင်း လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လာရောက်လှူဒါန်းသည့် စာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးမှ စာကြည့်တိုက်လက်ထောက်-(၃)  ဒေါ်ခင်သန္တာအောင်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ စာအုပ်၊စာစောင်များကို စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေဖတ်ရှုကြသည့် စာဖတ်ပရိတ်သတ်များ ပိုမိုဗဟုသုတရရှိစေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်သည်။

လှူဒါန်းရရှိသည့် စာအုပ်များနှင့် အလှူရှင်အမည်စာရင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် မှတ်တမ်းရေးသွင်းထားရှိပြီး အများပြည်သူ့ဖတ်ရှုလေ့လာနိုင်ရန်အတွက် စနစ်တကျခင်းကျင်းပြသထားရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)