သတင်းများ

ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Jan 19,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန်ဗီဇ​ပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ​မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာ များအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်
Jan 19,2022
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ယနေ့ နံနက် ၈ နာရီ အချိန်က ချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင် သင်တန်းကျောင်း ခန်းမ၌ ချောက်/လမ်းရွာ ရေနံမြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ကွန်ပျူတာအခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ကံမမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေး
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်က ထန်းကောက်ကျေးရွာနှင့် ညောင်ပင်ကွင်း ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ ရပ်မိရပ်ဖများ ရာအိမ်မှူး ဆယ်အိမ်မှူးများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွံတေး၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
Jan 19,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆) နှစ်မှ (၁၈) နှစ်ပြည့်ပြီးသူတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုး ထုတ်ပေးနိူင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကုန်အညွှန်းမှတ်သားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jan 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကုန်အညွှန်းမှတ်သားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသမီးအိမ်တွင်းမှုအတတ်ပညာ ဆံထိုး၊ ဆံအုပ် ပြုလုပ်နည်းသင်တန်းပို့ချ
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများ အိမ်တွင်းမှု အတတ်ပညာ ဆံထိုး၊ဆံအုပ်ပြုလုပ်နည်း သင်တန်းကို ဇန်နဝါရီ၁၉ရက် နံနက် ၁၀နာရီက လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် တစ်ပိုင်တစ်နိုင် ကိုင်းမြေများ၌ ပဲတောင့်ရှည်မျိုးများ စိုက်ပျိုး၍ မိသားစု၀င်ငွေ ပုံမှန်ရရှိ
Jan 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးများ ကိုသာ အဓိကအားထား လုပ်ကိုင်ကြကြောင်း၊ ယင်းတို့၏ ကိုင်း‌မြေများ၌ မိသားစု စား၀တ်နေရေးအတွက် စားသုံးရောင်း ချရန်အတွက် ပဲတောင့်ရှည်မျိုးများကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထားကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများအတွင်း တွင် ယနေ့ နံနက်ပိုင်း(၉)နာရီအချိန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။