ညောင်တုန်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော် ကြေညာခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းမှုရှိသော်လည်း အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံ တွင် ဖြစ်ပွားမှုနှုန်း လျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)