ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် Fitness Dance သင်တန်း ဖွင့်လှစ်သင်ကြား

ဘိုကလေး ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၀) တက်ရောက်နေကြသည့် သင်တန်းသား/သူများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ နေ့စဉ် ညနေ(၄:၃၀) အချိန်၌ ကိုယ်လက်လှုပ်ရှား အားကစား Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိသည်။

အဆိုပါ သင်တန်းအား ဇန်နဝါရီ (၁၉)ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းကာလ (၁)လကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား/သူ(၂၅၆) ဦး တက်ရောက်ကြကြောင်းနှင့် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းရေး၊ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ဆရာအတတ်သင် သင်တန်း ပြီးဆုံးပါက လုပ်ငန်းခွင်အတွင်း၌  ပြန်လည်အသုံးချသင်ကြားနိုင်စေရေးတို့ကို ရည်ရွယ်ကာ ယခု သင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်