ဖျာပုံဇန်နဝါရီ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနCommunityCentre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများကာယဥာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် ၊အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းကစား ခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ကြသည်။
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ရှင်းလင်းပြော ကြားပြီး၊ဖျာပုံမြို့ နယ်အခြေခံပညာမူလတန်းကျောင်းများမှကျောင်းသား၊ကျောင်းသူကလေးများကစာဖတ်စွမ်းရည်ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုဆုများပေးအပ်ချီးမြှင့်ကြသည်။ထိုနောက်ဂိမ်းကစားခြင်းပြိုင်ပွဲများကိုဆက်လက်ကျင်းပရာပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက၊ခါးကွင်းလှည့်ကစားခြင်းပြိုင်ပွဲ၊ခွက်ရွက်သယ်ပြိုင်ပွဲများကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်