မိုင်းလုံမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ရင်တွင်းစကားသံ

မိုင်းလုံ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။

ကျွန်တော်ကတော့ ဦးဇော်ရှိန်းအောင်ဖြစ်ပါတယ်။ အသက်က(၃၃)နှစ်ရှိပြီး၊ အလယ်ရပ်ကွက် တွင်နေထိုင်ပါတယ်။ ဆံသဆိုင်ဖွင့်ထားပါတယ်။ မိုင်းလုံမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများစတင်ထိုးနှံပေးကတည်းက ထိုးမယ်ဆိုပြီး မထိုးဖြစ်ခဲ့တာ အရင်လမှ သွားရောက်ထိုးနှံ ဖြစ်ခဲ့ပါတယ်။ ဆံပင်ညှပ်တယ်ဆိုတော့ လူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံနေရတော့  ကာကွယ်ဆေးထိုးထားဖို့ပိုလိုအပ်တာပေါ့။ ကာကွယ်ဆေးထိုးထားခြင်းဟာ ကိုယ်အတွက်လည်း ကောင်းသလို ကိုယ့်ရဲ့ဧည့်သည်တွေအတွက်လည်း စိတ်ချရတယ်။ ကာကွယ်ဆေးထိုးနှံပြီးတော့ ဖျားလည်းမဖျားကိုက်ခဲမှုလည်းမရှိပါဘူး။ ကျွန်တော်တို့  ကာကွယ်ဆေး ထိုးနှံဖို့ ဘာလို့ပိုလိုအပ်လဲဆိုရင် အများနဲ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ်ကြောင့်တခြားလူကို ရောဂါကူးစက်မှု မရှိစေရန် ထိုးခြင်းဖြစ်ပါတယ် ။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပါက အများအတွက်လည်း အဆင်ပြေသလို ၊ ကိုယ်တိုင်လည်းရောဂါကူးစက်နိုင်မှုမှ ကာကွယ်နိုင် တဲ့အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံကြပါလို့တိုက်တွန်းချင်ပါတယ်။ အခုလိုအခမဲ့ထိုးနှံ ပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း သွားရောက်ထိုးနှံ နိုင်ပါတယ်လို့ ပြောပြချင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဇော်ဇော်(ပြန်/ဆက်)