ကမမောင်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်‌ထောင်စုနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကမမောင်း    ဇန်နဝါရီ(၂၄)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းအချိန်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါ၀င် လာတတ်စေရန်၊ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားပြီးနောက်  ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ကမမောင်းပြန်/ဆက်