မိုးညှင်းမြို့၌ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးခန်းအတွက် ထာဝရဆွမ်းပဒေသာပင် ငွေကျပ် သိန်း(၈၀၀)လှူဒါန်း

မိုးညှင်း          ဇန်နဝါရီ        ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးခန်းအတွက် ထာဝရဆွမ်းပဒေသာပင် ငွေကျပ် သိန်း(၈၀၀)ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အောင်သပြေ(၃) ရပ်ကွက်နေ အသက်(၈၀)ကျော် အဖွား ဒေါ်မကြည်က လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြစ်သော ဦးစန္ဒောဘာသ (ဥတ္တရာရာမကျောင်းတိုက်)၏ အဖွားဒေါ်မကြည်က ကွယ်လွန်ကြ ကုန်ပြီးသော အဖွားသီလရှင် ဒေါ်သုစာရီ၊ ခမည်းတော် ဦးမောင်ဝင်း+မယ်တော်ဒေါ်ခင်မြင့်၊ ဘဒွေး ကိုမောင်စိုး(ခ) ဦးကုလားတို့အား ရည်စူး၍ မိုးညှင်းမြို့ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးခန်းအတွက် ထာဝရဆွမ်းပဒေသာပင် ငွေကျပ်သိန်း(၈၀၀)၊ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဇေယျသုခဝါဆိုကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒိမာနှင့် ဥတ္တရာရာမကျောင်းတိုက် ပဓာနနာယက ဆရာဘဒ္ဒန္တနန္ဒိယတို့မှ လက်ခံရယူကြသည်။

"အဖွားအနေနဲ့ သက်ရှိထင်ရှားရှိနေတုန်းမှာ ပိုင်ဆိုင်ထားတဲ့ နေအိမ်ခြံဝင်းကို ရောင်းချပြီး လှူဒါန်းခြင်းဖြစ်ပါတယ်။ အဖွားက အသက်(၈၈)နှစ်ရှိနေပြီဆိုတော့ ပစ္စည်းဥစ္စာများကို စွဲလန်းပြီး ကွယ်လွန်သွားရင် လားရာဂတိ မှားမှာစိုးလို့ အခုလိုရှိတဲ့ ပစ္စည်းဥစ္စာများ ကို ရောင်းချပြီး လှူဒါန်းလိုက်တော့ ကုသိုလ်ဒါနစိတ်လေးအစွဲရှိပြီး ကွယ်လွန်သွားရင် လားရာဂတိကောင်း နိုင်ပါတယ်။ ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကိုလည်း အမျှပေးဝေပါတယ်"ဟု အဖွား ဒေါ်မကြည်က ပြောပြသည်။

အဆိုပါ အလှူရှင်သည် ၎င်းတို့ပိုင်ဆိုင်ထားသော အောင်သပြေ(၃) ရပ်ကွက်အတွင်းရှိ အလျား (၁၅၃)ပေ၊ အနံ (၅၄)ပေမြေကွက်နှင့် မြေကွက်ပေါ်ရှိ ပေ (၃၀)ပတ်လည် (၂)ထပ်နံကပ်တိုက်တို့အား ရောင်းချလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်