မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများထုတ်ပေး

အထက်မင်းလှ     ဇန်နဝါရီ   ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန့်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ၏ ပင်စင်လစာငွေများကို   ဇန်နဝါရီ ၂၁ ရက် နေ့မှစတင်ပြီး သတ်မှတ်နေ့အလိုက်   စနစ်တကျထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့် အညီ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦးသတ်မှတ် အကွာအဝေးအတိုင်း နေထိုင်စေပြီးစနစ် တကျ ထုတ်ပေးလျက်ရှိသည်။

မင်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ဇန်နဝါရီ ၂၁ ရက် နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၇ နာရီခွဲမှ မွန်းတည့် ‌၁၂ နာရီ အထိထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူ ခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင်     ဘဏ်လုပ်ငန်းအချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မင်းလှ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၈၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)