ရေး ဒီဇင်ဘာ ၂၄
မွန်ပြည်နယ် ရေးမြို့နယ်တွင် ပတ်ဝန်းကျင်အပေါ်ဒီရေတောများ၏ အရေးပါပုံအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပြပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က မိမိတို့ရေးမြို့နယ်သည် ပင်လယ်ကမ်းရိုးတမ်းဒေသဖြစ်သည်နှင့်အညီ ပင်လယ်ပြင်နှင့် နီးစပ်ဒေသဖြစ်သည့်အတွက် လယ်မြေများအတွင်းသို့ ဆားငံရည်ဝင်ရောက် ထိန်းသိမ်းမှုများမှ ကာကွယ်ကြရန်အတွက် ဒီရေတောများ၏ အရေးပါပုံကို ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိန္ဒြေအောင်က ဒီရေတောများ၏ အရေးပါပုံ၊ ဒီရေတောများကို ကာကွယ် ထိန်းသိမ်းသင့်သည့် ရည်ရွယ်ချက်များအကြောင်း၊ မြန်မာနိုင်ငံတွင် ဒီရေတော ပေါက်ရောက်သည့် ဒေသများနှင့် ပေါက်ရောက်မှု ရာခိုင်နှုန်း၊ ဒီရေတောများ၏ ထူးခြား ချက်များ၊ ဒီရေတော သစ်မျိုးစိတ်များအကြောင်းနှင့် မြန်မာ့ဒီရေတောတွင် အများဆုံး ပေါက်လေ့ရှိသည့် ဒီရေတော အမျိုးအစားများ အကြောင်း၊ ဒီရေတောများမှ လူသားများနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးပြုပုံများ၊ ဒီရေတောများကို ပျက်စီးစေသည့် သဘာ ဝဘေးအန္တရာယ်နှင့်လူသားတို့၏ အကျိုးမဲ့လုပ်ရပ်များ၊ ဒီရေတောများ ပျက်စီးဆုံးရှုံးခြင်းကြောင့် လူသားများနှင့် ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံး နိုင်မှုများ၊ ဒီရေတောများကို ပြန်လည်ထိန်းသိမ်းကြရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံစေးဦးစီးဌာနမှ ပြည်သူများအား အသိပညာဗဟုသုတများတိုးပွားလာစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကို ယခုလိုဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး Online မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်
မြို့နယ်၊ ပြန်/ဆက်