နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း မြောက်ဘက်ခြမ်း အုတ်ရေမြောင်းဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း မြောက်ဘက်ခြမ်း အုတ်ရေမြောင်း (ကန်ကြီးအောက်လမ်းနှင့် မြစည်းခုံလမ်းကြား)ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် အုတ်ရေမြောင်း အရှည်(၈၈၅)ပေ အကျယ်(၁) ပေ(၆)လက်မနှင့် အနက်(၂)ပေ အား ငွေကျပ် (၁၄.၆၀၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။