ကျောက်ဆည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်၌ ဆောင်းရာသီ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ အဓိထားစိုက်ပျိုး လျက်ရရှိရာ ဆီထွက်သီးနှံမျိုးစုံစိုက်ဧကပေါင်း (၈၄၈၅)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ဆောင်းရာသီဆီထွက်သီနှံများစိုက်ပျိုးရာတွင် မြေပဲသီးနှံကို တိုက်နယ်(၁)တွင်(၃၀)ဧက၊ တိုက်နယ် (၂)တွင်(၈၀)ဧက၊ တိုက်နယ် (၆)တွင်(၅)ဧက၊ တိုက်နယ်(၁၁)တွင်(၂၀)ဧက၊ တိုက်နယ်(၁၂)တွင် (၁၆၇) ဧက၊ နှမ်းသီးနှံကို တိုက်နယ် (၆)တွင်(၈၂)ဧက၊ တိုက်နယ်(၈)တွင်(၇၈၀)ဧက၊ တိုက်နယ်(၁၁)တွင် (၂၈၇)ဧက၊ တိုက်နယ်(၁၂)တွင်(၁၂၆၄) ဧက၊ နေကြာသီးနှံကို တိုက်နယ်(၁) တွင်(၆၄၇)ဧက၊ တိုက်နယ် (၂)တွင် (၃၆၇)ဧက၊ တိုက်နယ်(၄)တွင်(၄၄၅)ဧက၊ တိုက်နယ်(၅)တွင်(၁၈၁)ဧက၊ တိုက်နယ်(၆)တွင် (၁၅၀)ဧက၊ တိုက်နယ်(၈)တွင် (၁၈၃၆)ဧက၊ တိုက်နယ်(၉)တွင် (၂၆၂)ဧက၊ တိုက်နယ်(၁၀)တွင် (၆၀၈)ဧက၊ တိုက်နယ်(၁၁) တွင်(၄၄၆)ဧက၊ တိုက်နယ်(၁၂)တွင်(၈၁၉)ဧက စုစုပေါင်း(၈၀၉၁)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းရာသီ၌ မြေပဲစိုက်ဧက(၂၉၇)ဧက၊ နှမ်းစိုက် ဧက(၅၁၃၅) ဧက၊ နေကြာစိုက်ဧက(၆၁၇၅)ဧက စုစုပေါင်း(၁၁၆၀၇) စိုက်ပျိုးရန်လျာထားခဲ့ပြီး ဆီထွက် သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)